ရန်ကုန် ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ စိန်ရတနာနာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အသင်းတာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိရာ အသင်း၏လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်အား ရည်စူး၍ ဦးခင်ဇော်နှင့် လုပ်ဖော် ကိုင်ဖက်များမှ အလှူငွေကျပ်(၆၃)သိန်း၊ ဦးမြကျော်+ဒေါ်တင်အေးတို့၏ (၄၅)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အတွက် အလှူငွေကျပ်(၂)သိန်း၊ ကွယ်လွန်သူ ဒေါ်ရွှေစိန်အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၂)သိန်း၊ ကွယ်လွန်သူ မိခင်ကြီးဒေါ်မြစမ်းအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်းနှင့် ကွယ်လွန်သူ မိခင်ကြီး ဒေါ်တင်လှအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းတို့ကို အသီးသီးလာရောက်လှူဒါန်းရာ စိန်ရတနာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)