ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၄၂ ကျောင်း၏ ကျောင်းတက်/ကျောင်းဆင်းလုံခြုံရေး ဆောင်ရွက်ရန်များ ဌာနဆိုင်ရာရုံးများဝန်ထမ်းများ လုံခြုံရေးအထူးဂရုစိုက်ရန်၊ ဌာနဆိုင်ရာများ မိမိတို့လုပ်ငန်းတာဝန်များ ကျေပွန်စွာဆောင်ရွက်ကြရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ဆက်လက်ဆောင်ရွက်ရန်များ အမှိုက်များ စနစ်တကျစွန့်ပစ်‌ရန် မိမိရုံးဌာနအလိုက် အမှိုက်ပုံးထားရှိရန် သောကြာနေ့တိုင်း သန့်ရှင်းရေးရုံးတွင်းရုံးပြင်ဆောင်ရွက်ရန် ဝန်ထမ်းအိမ်ရာများ ဧည့်ဝင်/ထွက်စိစစ်ရန် နိုင်ငံတော်မှရရှိရမည့်အခွန်များ မှန်ကန်စွာရရှိရေးဆောင်ရွက်ရန် ကိုဗစ်ကာကွယ်‌ဆေးထိုးလုပ်ငန်များ ဆက်လက်ထိုးနှံဆောင်ရွက်ရန် လိမ်လည်မှုများ သတိပြုကြရန် အာဇာနည်နေ့ အလံတိုင်ဝက်လွှင့်ထူရန် ပြည်သူများအေးချမ်းသာယာ ဘေးအန္တရာယ်ကင်းဝေးစေရေး ပဋ္ဌာန်းရွတ်ဆိုပူ‌ဇော်ရာတွင် ကြွရောက်နာယူကြည်ညိုကြရန် မြို့နယ်လုံးကျွတ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း စည်ကားသိုက်မြိုက်စွာ ကျင်းပရာတွင် ပါဝင်ကုသိုလ်ယူကြရန်၊  စသဖြင့် လမ်းညွှန်ဆွေးနွေးပြောကြားသည်။

ထိုနောက် တက်ရောက်လာသော ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား အသီးသီးတင်ပြကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး