ပုဗ္ဗသီရိမြို့နယ်၌   ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး ၁၂၃၃၃ ဧက စိုက်ပျိုးပြီးစီး

ပုဗ္ဗသီရိ ဇူလိုင် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာပေါင်း(၇၂)ရွာရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် မိုးစပါးစိုက်ခင်းများ စနစ်တကျ စိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ Seeder စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်စေရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း စိုက်ပျိုးခဲ့ကြကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးကို ဇွန်လ(၃၀)ရက်နေ့အထိ စပါး ၁၂၃၃၃ ဧက စိုက်ပျိုးပြီးဖြစ်ပြီး၊ ဆည်ရေသောက် လယ်မြေများအတွက် ငလိုက်လက်ဝဲမြောင်း၊ ရေသွယ်မြောင်းများဖြင့် ရေများကို စနစ်တကျ ရယူ၍ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)