ကျောက်တံတားမြို့နယ် အ.မ.က(၆)တွင်  ကလေးငယ်များ ဥာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေး

ကျောက်တံတား ဇူလိုင် ၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက  ကျောက်တံတားမြို့နယ်အတွင်းရှိ အ.မ.က(၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုခြင်း၊ ပုံပြင်အား ပြန်လည်ပြောပြခြင်း၊ ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ကာ ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စသည့် အသိပညာ၊ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခိုင်သဇင်(ပြန်/ဆက်)