ဒဂုံ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ယစ်မျိုးဆိုင်(၂)ဆိုင်ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ အမှုဆောင်အရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ၀င်သောအဖွဲ့မှ ယစ်မျိုးလိုင်စင်များစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အတူ နေ့လယ် ၁၃ နာရီအချိန်တွင် စင်တင်တေးဂီတနှင့် KTV ဆိုင် (၅)ဆိုင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်အခွန်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါ၀င်သော အဖွဲ့သည် လုံခြုံရေး CCTV များစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးထားရှိမှု၊ လုပ်ငန်းလိုင်စင်များနှင့် ဆိုင်အတွင်းမူးယစ်ဆေးဝါးသုံးမှုနှင့် ရောင်းချမှုမရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)
 
    