သန်လျင်၌ ရန်ကုန်တိုင်းဒေသကြီး စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ် စတုတ္ထအကြိမ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီတွင် သန်လျင်မြို့ရှိ သမ ဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး သတ်မှတ်နေရာအသီးသီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သမဝါယမနှင့်စီမန်ခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းနှင့်ဒုတိယပါမောက္ခချုပ်များ တိုင်းဒေသကြီး၊ ခရိုင်၊ ဌာနဆိုင်ရာများ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များကိုစိုက်ပျိုးပေးကြသည်၊ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက သစ်ပင့်စိုက်ပျိုးနမှုများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ရန်ကုန်တိုင်းဒေသကြီး စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျဥ်းကတိုး(၅၂၂)ပင်၊ ပိတောက် (၂၃၉)ပင် ၊ ပျဥ်းမ (၇၄၁)ပင်၊ မဟော် ဂနီ (၆၈၅)ပင်၊ ကံ့ကော် (၁၄၂)ပင်၊ ခရေ (၅၀၀)ပင်၊ စိန်ပန်း (၂၅၁)ပင်၊ တရုတ်တယ် (၂၁၂)ပင်၊ မအူ (၃၁၅)ပင်၊ မယ်ဇယ် (၉၇)ပင်၊ မန်ဂျန်ရှား (၆၀၇)ပင်၊ မာလာလူးကား (၆၃၂)ပင်၊ ပင်လယ်ကဗွီး (၂၅၉)ပင် စုစုပေါင်းပျိုးပင် (၅၂၀၂)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)