ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ကတ်ဖ)တွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ အသိအလိမ္မာနှင့် ပညာဗဟုသုတများ ရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန် ခွဲခြားတတ်ပြီး အသိပညာများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့ငှားရမ်း ပေးလျက်ရှိကြောင်း ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာပေများဖတ်ရှု၍ လူကုန်ကူးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ရှောင်ရှားစေနိုင်မည်ဖြစ်ကြောင်း”  အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျောင်းသား/သူများကို မူးယစ်ဆေးဝါးဆိုးကျိုးများဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများ  ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)