မှော်ဘီ ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီက မှော်ဘီမြို့နယ်၊ မြို့ချောင်းတိုးဂိတ်အနီးတပ်ဖွဲ့စု(၆၄)မှော်ဘီမှ ရဲအုပ်ဝေမာဦးနှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့မှ ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ် ဆောင်းရန်နှင့် ဆိုင်ကယ်စီးနင်းရာတွင် လဲနှစ်ဦးထက်ပို၍မစီးရန်၊ မြို့တွင်းမြို့ပြင်အရှိန်ပြင်းမမောင်းရန်၊ ယာဉ်မောင်းနေစဉ်ဖုန်းမပြောရန်၊ အရက်သေစာသောက်စားခြင်းမပြုရန်မှာ ကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ တပ်ဖွဲ့စု(၆၄)ယာဉ်ထိန်းဒုရဲမှူးဝင်းအောင်ဦးစီး(၆)ဦးတို့မှ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာရှိကောင်းဆက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၁၇၅)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောခဲ့ပြီး ယာဉ်/လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။ ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၆၄)မှ ဒုရဲမှူးဝင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၆၄)မှဒုရဲအုပ်ဝေမာဦးနှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)မှော်ဘီ