ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ကျင်းပ

ကွန်ဟိန်း  ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲအား  ယနေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအား ကလေးငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗဟုသုတများတိုးပွါးလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)