ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနတွင် နို့စားနွားမွေးမြူထားသည့် အသင်းသားများသို့ နွားစာစရိတ်ပံ့ပိုးပေးအပ်

ပြင်ဦးလွင် ဇူလိုင် ၄

၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ နွားမွေးမြူရေး ဆောင်ရွက်နေသော အသင်းသားများအား ယမန်နေ့က နွားစာစရိတ် ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပံ့ပိုးပေးအပ်ရာတွင် နို့ထွက်နွားမတစ်ကောင်လျှင် နွားစာစရိတ် (၅၀၀၀ဝိ/-)နှုန်းဖြင့် ပြင်ဦးလွင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းလီမိတက်တွင် နို့ထွက်နွားမ (၇၁)ကောင်အတွက် နွားစာစရိတ်တန်ဖိုးငွေကျပ် (၃၅.၅) သိန်းအား ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်မှ အသင်းဥက္ကဋ္ဌထံသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)