ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ချမ်းမြသာစည်  ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးရဲမင်းထွန်းဦးဆောင်သည့် ဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့သစ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော ရပ်ကွက်နေမိဘပြည်သူများနှင့် မိသားစုဝင်များ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းကို ရပ်ကွက်များအလိုက် နေ့စဉ်သတ်မှတ်ရက်အတွင်း နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အချက်အလက်ကောက်ယူပြီးသူများ၏ Biographic Data ၊ Biometric Data များကို Database  တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID  နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအ‌နေဖြင့် ပန်းခင်းစီမံချက်ဖြင့် မြို့သစ်(၂)ရပ်ကွက်၊ ထွန်တုံးရပ်ကွက်နှင့် သံလျက်မော်တောင်ရပ်ကွက်များသို့လည်း သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့