အလုံမြို့နယ်၌ ပြည်သူများများအား သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းများ  ဆောင်ရွက်

အလုံ  ဇူလိုင် ၄

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေး ဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် MW ဒေါ်ဆွေဆွေနွယ်မှ သတိပြုဖွယ် အချိုမှုန့် အန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးချို၊ သွေးတိုးဝေဒနာရှင် ပြည်သူ (၈၁) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် Glucometerများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့  ဆေးချို၊ သွေးတိုးဝေဒနာရှင်  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)