မိုင်းတုံမြို့၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကျင်းပ

မိုင်းတုံ ဇူလိုင် ၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်‌‌သော ဌာနဆိုင်ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် သတိပြု ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက လေယာဉ်ကွင်းအတွင်း၌ ပြုလုပ်ရာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကျော်ထင်နှင့် တပ်နယ်အတွင်းရှိတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီး‌ရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ယခုတက်ရောက်လာတဲ့ ဌာနဆိုင်ရာ များအနေနဲ့ မိမိတို့ပိုင်ဆိုင်သည့်အဆောက်အဦးများ ဆုံးရှုံးမှုမရှိစေရန်၊ မိမိကိုယ်တိုင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ရမည့်နည်းလမ်းများ‌ သိရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနည်းလမ်းများသည် လူတိုင်းအပေါ်တာဝန်ရှိသည့်အတွက် သိရှိထားရန်လိုအပ်ခြင်းကြောင့် ယခုလိုအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီးနောက်၊ မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကျော်ထင်၊ ခရိုင်ဌာနဆိုင်ရာ အကြီးအကြဲများနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များမှ ဇာတ်တိုက်သရုပ်ပြမှုနှင့် ခင်းကျင်းပြသထား‌သော သဘာဝဘေးအန္တရာယ်နှင့်ကြုံပါက ဆောင်ရွက်ရမည့် အသုံးအဆောင်များကို လိုက်လန်ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်