မန္တလေး ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်နှင့် ဓမ္မသံတော်ဆင့်စာပေဖြန့်ချီရေးတို့ပူးပေါင်းဖွင့်လှစ်သည့် စာနယ်ဇင်း အရောင်းဆိုင်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ရတနာပူရ မြန်မာ့လက်မှုနှင့်အနုပညာဗိမာန်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ဓမ္မသံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်တကွ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စာနယ်ဇင်းအရောင်းဆိုင်နှင့် ရတနာပူရအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဓမ္မသံတော်ဆင့် စာနယ်ဇင်းအရောင်းဆိုင်တွင် သုတရသ စာအုပ်ပေါင်း (၂၀၀၀) အုပ်ကို နေ့စဥ်ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)