ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ မိုင်းယုဒေသရှိ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် ဒေသဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မိုင်းယောင်း ဇူလိုင် ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ မြို့မရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးသည် ယနေ့နံနက်ပိုင်းက မိုင်းယုဒေသရှိ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် ဒေသဌာနဆိုင်ရာ များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာခဲ့ကြ သည့် မိုင်းယောင်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများက မိုင်းယုဒေသရှိ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက လုပ်ငန်းဆောင်ရွက်ချက် များနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မိုင်းယု-ကျိန်းယဲန်း တံတားအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့မရပ်ကွက်ရှိ MYANMAR FOUNDER COMPANY LIMITED မှ တာဝန်ယူဆောက်လုပ်နေသည့် ပုဂ္ဂလိကဈေး တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်