အလုံမြို့နယ် အမှတ်-၄ မူကြိုကျောင်းရှိ ဝန်ထမ်းနှင့် မိသားစုဝင်များအား Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

အလုံ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အလုံမြိုနယ်အတွင်းရှိ အမှတ် -၄ မူကြိုကျောင်းရှိဝန်ထမ်းနှင့် မိသားစုဝင်များ ၂၈ ဦးအား (  Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ မွန်းလွဲ  ၁  နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကာကွယ်​ဆေး ထိုးနှံပေးရာတွင် ဆေးမထိုးမီကျန်းမာရေး စစ်ဆေးခြင်း ၊ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျန်းမာ ရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)