မော်လမြိုင် ဇူလိုင် ၃
၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် သက်ကြီးဘိုးဘွားများအား အာဟာရများ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကျွေးမွေးလှူဒါန်းခြင်းကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခိုင်သဉ္ဇာမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်မင်းနှင့် အဖွဲ့ဝင်များက တောင်ဝိုင်းဘိုးဘွားရိပ်သာရှိ အဘိုး (၁၆)ဦး၊ အဖွား (၃၃)ဦး စုစုပေါင်းသက်ကြီးဘိုးဘွား (၄၉)ဦးတို့အား နေလယ်စာအာဟာရများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)