ချမ်းမြသာစည်မြို့နယ်တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ  ကွင်းဆင်း စစ်ဆေး

ချမ်းမြသာစည်   ဇူလိုင် ၃   

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအား စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ရာ ၁၀၇ လမ်း၊ ၅၈×၅၉ လမ်းကြားရှိ မြတ်ချယ်ရီ ပုဂ္ဂလိကဆေးရုံသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ပုဂ္ဂလိကဆေးရုံနှင့်သက်ဆိုင်သည့် လိုင်စင်များ၊ အခွန်ပေးသွင်းမှု၊ MO၊ HR၊ OPD ရေးသွင်းမှု၊ ဓါတ်ခွဲ/ဓါတ်မှန်ခန်း တာဝန်ခံများနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဝန်ဆောင်မှုပေးသည့် အချက်အလက်များအား စစ်ဆေးခဲ့ကြပြီး ကွင်းဆင်းစစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မင်းဖွေး၊ ကုတင် (၃၀၀)ဆံ့ ကလေးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ တင်အိအိခိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခင်ချောချောနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးရန်နိုင်လင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့