ကျောက်ဆည် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးဆီထွက်သီးနှံမျိုးစုံ(၈၀၁၉)ဧက လျာထားစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးဆီထွက်သီးနှံများ စိုက်ပျိုးရာ၌ နေကြာသီးနှံများကို မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၇)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၅၇၈)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၂၈၀)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင် (၈၅)ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၀၆၆)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၂၇)ဧက နှမ်းသီးနှံများကို သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၂၀၃၅)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၃၆၉)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၆၇၆)ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၅၀၀)ဧက၊ မြေပဲသီးနှံများကို သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၈၃)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင်(၁၅)ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စုများတွင် (၉၈)ဧက စုစုပေါင်းဆီထွက်သီးနှံမျိုးစုံ (၈၀၁၉)ဧက လျာထားစိုက်ပျိုးထားကြောင်း သိရသည်။
မိုးဆီထွက်သီးနှံများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များအပြင် စိုက်နည်းစနစ်များ အပင်ပြုစုခြင်းများအား စနစ်တကျ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်