မက်မန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မက်မန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင် တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲ၊ လူမှုရေးနယ်ပယ်တွင် ထူးချွန်ခဲ့သူများနှင့် လုပ်ငန်းများစီမံဆောင်ရွက်ရာတွင် ထူးချွန်းခဲ့သူမျာကို လူမှုထူးချွန်ဆုနှင့် စီမံထူးချွန်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အသီးသီးဆုများချီမြှင့်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အတွင်ိးရှိ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စုပေါင်း၍ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြကြောင်းလည်း သိရသည်။
စောဥမ္မာ (ပြန်/ဆက်)