မိုင်းဖြတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီအောင်က နိုင်ငံတော်အစိုးရမှ ဒေသတွင်း စိုက်ပျိုရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာများကိုရယူ၍ လက်တွေ့ကျကျအသုံးချခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားရရှိစေရေးအတွက် လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့်တာဝန်ရှိသူများက တောင်သူ(၂၂)ဦးအတွက် မျိုးစေ့ထုတ်(ရွှေရင်အေး)(၂၀)ဧက၊ စံပြကွက်(၁၀)ဧက၊ နေကြာမျိုးစေ့ထုတ်း(၁)ဧက၊ ကွန်ပေါင်းဓာတ်မြေဩဇာ(၃၁)အိတ်၊ ယူရီးယားဓာတ်မြေဩဇာ(၃၁)အိတ်နှင့် မျိုးစေ့ချကိရိယာ(၄)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး( ပြန်/ဆက်)