ပေါင် ဇူလိုင် ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးစာကြည့်တိုက်ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ရှိန်မြှင့်တင်ရေး စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးက စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏လမ်းညွှန်မှုကိုခံယူ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြားမခိုင်မာသည့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကိုလည်း တဖြည်းဖြည်းအချိန်ယူပြီး ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဝင်များက စာကြည့်တိုက်နှင့်ပတ်သက်၍ လိုအပ်သည့်အချက်အလက်များကို တိုင်ပင်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကာ စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)