မူဆယ် ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အ.ထ.က(၂)ကျောင်းခန်းမ၌ စာသင်ခုံများ လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်သည်။
ဦးစွာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အခြေခံပညာဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ကိုက အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင်တစ်ဦးက စာသင်ခုံများလှူဒါန်းရခြင်း အကြောင်းအရင်းများကိုပြောကြားသည်။ ဖိုက်ဘာကုလားထိုင်(၈၀)လုံး၊ မိတ္တူကူးစက်၊ စာသင်ခုံ(၁၅၅)စုံ စုစုပေါင်းတန်ဖိုး(၂၈၀)သိန်း လှူဒါန်းပေးသည့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်က “အ.ထ.က(၂) ကျောင်း၌ ကျောင်းသား/သူ(၃၀၀၀)ကျော် ပညာသင်ကြားနေမှုအခြေအနေများ၊ ယခုနှစ်၌ ကျောင်းသားအင်အားတိုးလာသည်နှင့်အမျှကျောင်းအတွက် အမှန်တကယ်လိုအပ်နေသည့် စာသင်ခုံများကို ဖြည့်ဆည်းလှူဒါန်းပေးသည့်အတွက် အထူးကျေးဇူးတင်ကြောင်း” ပြောကြားသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ကျောင်းသားမိဘများ၊ ဆရာဆရာများ တက်ရောက်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)