မက်မန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုပွဲကို မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မက်မန်းခရိုင် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က ပြိုင်ပွဲဝင်များအား ပြိုင်ပွဲနှင့် ပတ်သက်သည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူများ၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုုင်ပွဲတွင် ဆုရရှိသောသူများအား ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့တွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်းနင့် ခရိုင်အဆင့်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
စောဥမ္မာ (ပြန်/ဆက်)