ပြည်သူ့စစ်မှုထမ်းဥပဒေအသိပညာပေးဆွေးနွေးပွဲ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပ

မန္တလေး ဇူလိုင် ၃

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်အ အဆိုပါတက္ကသိုလ် သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝင်းမျိုးထွန်းက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပါက်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်က ၂၀၂၄_ခုနှစ် အောက်တိုဘာလတစ်ရက်နေ့တွင် စတင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးဆွေးနွေးပွဲသို့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ဒုတိယပါမာက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)