အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင် သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေးဆွေးနွေးပွဲပြုလုပ်

မန္တလေး ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ပိဋကရာမမြတ်စွာဘုရားဓမ္မာရုံတွင် သန်းခေါင်စာရင်းကောက် ယူရေးလူထုအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ရပ်ကွက်နေပြည်သူ(၁၀၀)ဦးခန့် တက်ရောက်ကြ သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်က သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာများနှင့် ဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာသူများက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေး‌မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြပြီး တက်ရောက်လာသူများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များဝေငှပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)