မိုင်းတုံ ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့်လက်ထောက်အင်ဂျင် နီယာ ဦးဖြိုးအောင်တို့အဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းသည် မိုင်းတုံမြို့နယ်စည် ပင်သာယာရေးဌာန၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် အစိုးရထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ငွေလုံးငွေရင်းလုပ်ငန်းဖြစ်သော မြို့မဈေးအတွင်း အကာမဲ့ရုံ(က)အား ကွန်ကရစ်ကြမ်းခင်းခြင်းနှင့်အမိုး မိုးခြင်း လုပ်ငန်းခွင့်ပြု ရန်ပုံငွေ(၁၉.၅)သန်းနှင့် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့်အာကာမဲ့ ရုံ(ခ)တည်ဆောက်ခြင်း လုပ်ငန်းတင်ဒါန်အောင်မြင်ငွေ (၅၆.၇၁၅) သန်းတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်းနှင့်လက်ထောက်အင်ဂျင်နီယာ ဦးဖြိုးအောင်တို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးလို့အပ်သည်များကိုလမ်း ညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)