သုံးခွမြို့နယ်တွင် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

သုံးခွ ဇူလိုင် ၃

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်ရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပျဥ်းမကန်ကျေးရွာအုပ်စု၊ ပျဥ်းမကန်လမ်းတွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄ -ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဌာနဆိုင်ရာများ စုပေါင်းသစ်ပင်စိုက်ပျိုးကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာအကြီးအကဲများထံသို့ ပျိုးပင်များပေးအပ်ပြီး မန်ဂျန်ရှား(၁၀၀)ပင်၊ စိန်ပန်း(၁၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ စိုက်ပျိုးကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)