မိုင်းယောင်း ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးသည် နေ့လယ် ၁၃ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးသည် နေ့လယ် ၁၅ နာရီ ၁၀ မိနစ်တွင် ဓါတ်လုံစေတီတော်ကို သွားရောက်ဖူးမြော်ပြီး ဓါတ်လုံစေတီတော်မှ အဆင်းလမ်းဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ညနေ ၁၆ နာရီ မိနစ် ၅၀ တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောအား သွားရောက်ဖူးမြော်၍ အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးသည် ညနေ ၁၇ နာရီတွင် အမှတ်(၄)ရပ်ကွက်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ညနေ ၁၇ နာရီ မိနစ် ၂၀ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)