ပျဉ်းမနား ဇူလိုင် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
"ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွာနာ၊ လျှာနာ ရောဂါဟာ ကျွဲ၊ နွားတွေမှာ ရာသီမရွေးဖြစ်ပွားလေ့ရှိတဲ့အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေတဲ့အတွက် မြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွား များကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကူးတို့ဆိပ်ကျေးရွာအတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယဆေးများ ထိုးနှံပေးခဲ့ကြောင်း" မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)