အ.ထ.က မိုင်းနောင် ကျောင်းမိဘဆရာအသင်းအလုပ်အမှုဆောင် ညှိနှိုင်းအစည်းအဝေးပြုလုပ်

မိုင်းနောင် ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း မိဘဆရာအသင်းအလုပ်အမှုဆောင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဇော်မြင့်သိန်းက ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော မိဘဆရာအသင်းဝင်များနှင့် ကျောင်းသားမိဘများအား ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ထားရှိမှုများနှင့် ထပ်မံဖြည့်စွက်လိုသည့် အချက်များရှိပါက အကြံပြုပြောကြားပေးပါရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများက ဖြည့်စွက်အကြံပြုခြင်း၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေပြေပညာသင်ကြားနိုင်ရေးအတွက် အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးရမည့် ကိစ္စရပ်များအား ဆွေးနွေးကာ ဆရာ၊ မိဘ၊ ကျောင်းသားများ ပူးပေါင်းဆောင်ရွက်မည့် အစီအစဥ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မနန်း