ကျိုင်းတောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျိုင်းတောင်း ဇူလိုင် ၂

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ (၂.၇.၂၀၂၄) ရက်နေ့ နေ့လယ်(၁၀)နာရီခွဲအချိန်တွက် ကျိုင်းတောင်းမြို့ နယ်မြေခံရဲစခန်းနှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများစုပေါင်း၍ ကျိုင်းတောင်းမြို့အတွင်း ယာဉ်အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ ကျိုင်းတောင်းမြို့ အ.မ.က(လုံကောင့်)ကျောင်း၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဟောပြောပွဲတွင် ရှေးဦးစွာ ကျိုင်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့အနယ်နယ်အရပ်ရပ်တွင် ယာဉ်အန္တရာယ်ထိခိုက်မှုများကြောင့် နေ့စဉ်ထိခိုက်ဒဏ်ရာရသူများနှင့် အသက်ဆုံးရှုံးမှုများ ရှိနေလျက်ရှိကြောင်းကိုလဲ သတိပေးဟောကြားပေးခဲ့သည်။ ထို့နောက် ကျိုင်းတောင်းနယ်မြေခံ ရဲစခန်းမှ စခန်းမှုး ရဲအုပ်ဝင်းထွဋ်ဝင်းက ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းဆိုင်ရာ ကျင့်ဝတ်များ၊ လိုက်နာရမည့်စည်းကမ်းများ၊ သတိထားသင့်သည့် အချက်အလက်များ၊ ယာဉ်စည်းကမ်းဆိုင်ရာဉပဒေများ၊ လမ်းစည်းကမ်းဆိုင်ရာဉပဒေများ၊ ပြစ်မှုများနှင့်ပြစ်ဒဏ်များကိုလဲ အကျယ်တဝန်း ရှင်းလင်းပြေကြားပေးခဲ့ကြောင်း သိရပါသည်။

ထို့နောက် ကျိုင်းတောင်းနယ်မြေခံ ရဲစခန်းမှ စခန်းမှုး ရဲအုပ်ဝင်းထွဋ်ဝင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို အကျဉ်းချုပ်၍ အဓိကလိုက်နာရမည်အချက်များကို ပြန်လည်ပြောကြားပေးခဲ့ခြင်းဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)