အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်

ကော့မှူး ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင် ကော့မှူးမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို မြို့သစ်ရပ်ကွက် မိခင်နှင့်က‌လေးကျန်းမာရေးဆေးခန်း၌ ထိုးနှံပေးနေလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောက် (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး စသည့်ကာကွယ်ဆေးများကို ကျေးရွာ/ရပ်ကွက်များရှိ ကျန်းမာရေးဌာနများတွင် ထိုးနှံပေးနေကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)