မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။  

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် ရုံး၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ လုံခြုံရေးသတိရှိကြရန်၊ အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လဉ်း၍ သတိရှိရန်လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်းနှင့် လူဦးရေစာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ပူး‌ပေါင်းကူညီဆောင်ရွက်ပေးကြရန်၊ အပတ်စဉ် စနေနေ့တိုင်း ပြည်သူ့အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဦးစားပေးနေရာအလိုက်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးစရိတ်‌ချေးငွေ ကြွေးကျန်များမရှိစေရေး သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ တရားမဝင်ကုန်စည် စီးဆင်းမှုများမရှိစေရေး ဆောင်ရွက်သွားရန်၊ သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးရန်နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်နိုင်ရေးညှိနှိုင်း ဆောင်ရွက်သွားကြရန် စသည်ဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်‌/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မိမိတို့လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)