ပင်လောင်း နိုဝင်ဘာ ၁၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား နိုဝင်ဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့သော အထူးရဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်း က ပြုလုပ် သည်။
ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်အောင် က ရွေးကောက်ပွဲတွင် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၄၃ ရုံတွင် တာဝန်ထမ်းဆောင်သည့် အထူးရဲတပ်ဖွဲ့ဝင် ၁၄၃ ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ တို့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြပြီး၊ ပေးအပ်ပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့မရဲခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထူးရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)