ကျိုင်းတုံ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထ အကြိမ် ပေးအပ်သော ထောက်ပံ့ငွေကျပ် (၂)သောင်းကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
ထို့သို့ပေးအပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ကျိုင်းတုံခရိုင်)မှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်၊ ကတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်နှင့် တာဝန်ရှိသူများက ကတ်တောင်ကျေးရွာအုပ်စုရှိ ဟိုဝိန်း၊ ယန်းဆော်၊ ဝမ်ကန်း၊ ဟွေပွန်း၊ ပါဆမ်၊ ဟိုနား၊ ကတ်တောင်းနှင့် ယန်းဟုတ်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၆၇)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃၄၀၀၀၀) တိတိကို လိုက်လံပေးအပ်ခဲ့ကြသည်။
အလားတူ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၈)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၉၅၄၄)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၀၈၈၀၀၀၀)အား ဌာနဆိုင်ရာကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)