မိုင်းကိုင်မြို့နယ်၊ အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

မိုင်းကိုင်  နိုဝင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ ၂၀၂၀ ပြည့်နှစ်၊ ထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီအချိန် က  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြည်ခိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး  ဦးအောင်ဖြိုးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးစိုင်းစံထွန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းနှင့် သင်တန်းနည်းပြများက အထူးရဲတပ်ဖွဲ့ဝင်  ၃၅ ဦးတို့အား  ဂုဏ်ပြုအမှာစကားများ  ပြောကြားကြပြီးနောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရဲချုပ် ထံမှပေးပို့သော  ဂုဏ်ပြုမှတ်တမ်းလွှာများကို  အသီးသီး ပေးအပ်ခဲ့ကြောင်း  သိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)