နမ့်စန်တွင် ကျောင်းပေါင်းစုံ(၁၈)နှစ်အောက်‌ပြေးခုန်ပစ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နမ့်စန်()  ဇူလိုင် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ အ.ထ.က(နမ့်စန်) ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင်  (ကျား/မီတာ (၁၀၀) မီတာ (၂၀၀) မီတာ (၄၀၀)၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်နှင့်အမြင့်ခုန် ပြိုင်ပွဲများကို ကျင်းပခဲ့ရာ နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက မိမိတို့နှစ်သက်ရာ အားကစား အမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် နေ့လယ် ၂ နာရီတွင် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင် ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်နိုင်ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက သက်ဆိုင်ရာအားကစားအလိုက် ဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)