ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေး

ညောင်ဦး ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဒုတိယဌာနမှူး ဒေါက်တာရွှေစင်ထိုက်နှင့်ကျန်း မာရေးဝန်ထမ်းများ၊ ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခေတ္တခရိုင်ပညာရေးမှူး ဦးအောင်ဌေးနှင့် မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်တို့သည် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပလတ်စတစ်လုံးဝကင်စင်ရေး၊ ဆေးလိပ်ငွေ့လုံးဝကင်းစင်နယ်မြေဖြစ်ရေးနှင့် ကျောင်းဝင်းအတွင်းရှိ ရေအုတ်ကန်များအတွင်း လောက်လောင်းပေါက်ပွားခြင်းမရှိစေရေး ကျန်းမာရေးဝန်ထမ်းများက အဘိတ်ဆေးခတ်ခြင်းနှင့် ပေါင်းမြက်များအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်နေသည့် အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၊ အခြေခံပညာအထက်တန်း ကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ အခြေခံပညာမူလတန်း လွန်ကျောင်း(တက်သိမ်း)၊ အခြေခံပညာမူလတန်းကျောင်း အမှတ်(၂)တို့အားသွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း