မိုင်းတုံ ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၄ -၂၀၂၅ ခုနှစ်၊ Mini Budjet ဘိန်းအစားထိုးသီးနှံလုပ်ငန်းအတွက် နှစ်ချင်းသီးနှံစံပြကွက်၊ နှစ်ချင်းသီးနှံမျိုးစေ့၊ မြေသြဇာအား ကျေးရွာအုပ်စုများသို့ ထောက်ပံပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက၂၀၂၄-၂၀၂၅ ခုနှစ်၊ Mini Budjet ဘိန်းအစားထိုးသီးနှံလုပ်ငန်းအတွက် နှစ်ချင်းသီးနှံစံပြကွက်၊ နှစ်ချင်းသီးနှံမျိုးစေ့၊ မြေသြဇာအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာအုပ်စုများဖြစ်သော ဟိုပန်ကျေးရွာအုပ်စုအတွက် ထုတ်ပြောင်း(၃၀) ကီလို၊ ပဲပုတ်အစေ့(၂)တင်း၊ ပိုးသတ်ဆေး(၁)လီတာ၊ မြေသြဇာ(ယူးရီးယား) (၆)အိတ်၊ လွယ်ခမ်းလုံ ကျေးရွာအုပ်စုအတွက် အစေ့ထုတ်ပြောင်း(၃၀)ကီလို၊ ပဲပုတ်(၂)တင်း၊ ပိုးသတ်ဆေး(၁)လီတာ၊ မြေသြဇာ(ယူးရီးယား)(၄)အိတ်တို့ကို သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ အသီးသီးထောက်ပံ့ပေးအပ်ရာ တောင်သူလေးဦးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)