အလုံမြို့နယ် အမှတ် ၄ မူကြိုကျောင်းရှိ ဝန်ထမ်းနှင့်မိသားစုဝင်များအား Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

အလုံ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အလုံမြိုနယ်အတွင်းရှိ အမှတ်-၄ မူကြိုကျောင်းရှိဝန်ထမ်းနှင့်မိသားစုဝင်များ ၂၈ ဦးအား(  Pfizer Vaccination (Booster) ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ  ၁  နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးကာကွယ်​ဆေးထိုးနှံပေးရာတွင် ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်း ၊ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာတွင် မလိုလားအပ်သောပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ သဇင်ခိုင်နှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)