ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ခေတ်မီစံပြကျေးရွာ(Smart Village)နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဇွန်လ(၂၈)ရက်နေ့နံနက်ပိုင်းက ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု၊ ကုလားကြီးကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က အမှာစကားပြောကြားပြီး မြိုနယ်ဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ခေတ်မီစံပြကျေးရွာ၊ ကျေးရွာလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြကြောင်းသိရပြီး အခမ်းအနားသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာပြည်သူ(၆၃၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)