ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က (၁၈ရပ်ကွက်အတွင်း ဆောင်ရွက်ကြ‌ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် (၁၈)ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ပိုးလောက်လမ်းများပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး၊ ဖုံး သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သေ ာတာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးပြီး ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှုမရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ဖုန်း၊ သွန်၊ လဲ၊ စစ် လက်တွေ့ဆောင်ရွက်‌ပေးခြင်း၊ အဘိတ်‌ဆေးခတ်‌ပေးခြင်များစသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းစဉ်များအား (၁၈) ရပ်ကွက် ဒေသန္တရကျန်းမာ‌ရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

သန်းသန်းအေး