အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြော သရုပ်ပြပွဲအခမ်းအနား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကျင်းပ

‌ဒဂုံတောင် ဇွန် ၂၈

အနာဂတ်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စု‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုးက နိုင်ငံတော်၏ အနာဂတ်မြှင့်တင်ရာတွင် ထူးချွန်ထက်မြက်ပြီး စည်းကမ်းလိုက်နာသော ထူးချွန်သော လူရည်ချွန်များဖြစ်ပေါ်ရေး စာပေဖတ်ရှုပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကောင်းများ လက်ဆင့်ကမ်းသယ်ဆောင်နိုင်ရေး အနာဂတ်ရဲ့ မောင်းနှင်အားများဖြစ်ကြတဲ့ လူငယ်တွေ စာဖတ်ရှိန်မြှင့်တင်ရမှာဖြစ်တဲ့အတွက် ဖွဲ့စည်းထားသောလူငယ်ရေးရာကော်မတီဝင်များ ယခုကဲ့သို့ အားဖြည့်ပူးပေါင်းဆောင်ရွက်ကြရန် စသဖြင့်ပြောကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး IT အကြံပေး ဦးဌေးလင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောရာတွင် လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် အချိန်စီမံခန့်ခွဲနည်းလမ်းများ စိတ်ပျော်ရွှမှုအချိန်ထားရန်များ စိတ်နေစိတ်ထား ထားရှိရမည့်ပုံများကို ရေသည်ပြဇာတ်မှ ရေသည်ယောက်ျား၏ စိတ်နေသဘောထားများကို သာဓကပြဆွေးနွေးသည်။

ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက လူငယ်နှင့်ဗလငါးတန်ခေါင်း‌စဉ်ဖြင့် ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်ရွှေပြည်စိုးက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သုတစာအုပ်များ လှူဒါန်းခြင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အားကစားမှူး ဦးအောင်ကျော်ကျော်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများ လှူဒါန်းခြင်းနှင့်  ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီက ကျေးဇူးတင်စကားပြောကြားပြီးနောက် ကျောင်းသား/ကျောင်းသူလေးများက ကရာတေးဒို အားကစားနည်းဖြင့် သရုပ်ပြသကြကာ အခမ်းအနားကို ရုတ်သိမ်းကြောင်း သိရသည်။

သန်းသန်းအေး