တိုက်ကြီး ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင်ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ရှေးဦးပြုစုခြင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (တာခွ) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဇော်ထွန်း၊ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးကိုကိုဦး၊ ဒုတပ်ခွဲမှူး ဒေါ်နွဲ့နွဲ့မိုး၊ ခရိုင်ကြက်ခြေနီကော်မတီဝင်များဖြစ်သော ဦးကျော်တင်သန့် နှင့်ဒေါ်ဝေဝေခိုင်တို့က ကျောင်းသား ကျောင်းသူများ ရှေးဦးပြုစုခြင်းအကြောင်း သိရှိပြီး ကျောင်းတွင်းကျောင်းပြင်အသိပညာများ ပြန့်ပွားစေရန်နှင့် ယာဥ်လမ်းအန္တရာယ်ကိုသိရှိပြီး လမ်းပေါ်ရှိ အမှတ်အသားများကို နားလည်သဘောပေါက်စေရန်၊ ယာဥ်များစီးနင်းသည့်အခါ ကာကွယ်ပစ္စည်းများကို အသုံးပြုတတ်စေရန်တို့ကို အသိပညာပေး သရုပ်ပြဟောပြောသည်။
တိုက်ကြီးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ရှေးဦးပြုစုခြင်း အသိပညာပေးသရုပ်ပြဟောပြောခြင်းကို အခြေခံပညာအထက်တန်းကျောင်း (ဘန့်ဘွေးကွင်း)၊ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) တို့တွင်လည်း ကျောင်းသား ကျောင်းသူများအား အသိပညာပေး သရုပ်ပြဟောပြောခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်( ပြန်/ဆက်)