လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ‘‘လူငယ်နှင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

​လှိုင် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ​မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “လူငယ်နှင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာများအသင်း ဗဟိုကော်မတီဝင် ဦးမင်းဆက်ပိုင်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်ကြီးပွားရေး” စာအုပ်သည် ဘဝအတွက် တကယ့်အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိအကြောင်းအရာများသည် အတူယူစရာကောင်းကြောင်း ၎င်းစာအုပ်နှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ “လူငယ်နှင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက စာအုပ်ထဲမှ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ရာ ဆွေးနွေးချက်များအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် (Book Club) အဖွဲ့ဝင်များက ပြန်လည်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)