မိုင်းယန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းယန်း ဇွန် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းယန်း-မိုင်းခတ်သွား ကားလမ်း ၁၀၄-၁၀၅ကီလိုမီတာကြားရှိ မြေကွက်လပ်တွင် ကျင်းပသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်းနှင့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောတို့က ပျိုးပင်များကိုပေးအပ်ရာ ပြည်သူ့ကိုယ်စားလှယ်နှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့များမှ လက်ခံရယူသည်။ ထို့နောက် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများက  သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးတို့အတွက် ကျွန်းနှင့် မယ်ဇလီ ပျိုးပင်စုစုပေါင်း ၅၀၀ ကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး