(၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား ထောက်ပံ့ငွေများပေးအပ်

မုဒုံ ဇွန် ၂၉

၂၀၂၄ ခုနှစ် ဇူလိုင် (၆)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးမိသားစု ငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က (၁) မုဒုံကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဘတင်က ပညာရေးထောက်ပံ့ကြေးငွေ (၂၈၀၀၀၀) ကျပ်၊ အသင်းသား/သူများ၏ အကျိုးဝေစု (၅၀၉၆၀၀၀)ကျပ်၊ စုဆောင်းငွေပေါ် အတိုးပေးငွေ (၄၀၀၇၃၄၂၀)ကျပ်နှင့် အစုပေါ်အမြတ်ငွေ (၁၅၈၈၆၈၀)ကျပ်ကို ပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ပညာရေးမိသားစု ငွေစုငွေချေးအသင်း ဥက္ကဋ္ဌတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ (၅)ဦးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)