ပုသိမ်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်

မန္တလေး  ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်၊ ညောင်ကွဲဆိပ်ကမ်းတွင် ငါးမျိုးစိတ်စိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ညောင်ကွဲဆိပ်ကမ်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ ခရိုင်လဝကမှူး ဦးသန်းထွန်းအောင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၂) ဦးညွန့်ဆန်း၊ သရက်ကုန်းစခန်းတာဝန်ခံ ဦးထွန်းနောင်ဝင်း၊ နတ်ရေကန်စခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးနှင့် စခန်းဝန်ထမ်းများ တက်ရောက်အားပေးကြသည်။

အဆိုပါ ငါးမျိူးစိတ်စိုက်ထည့်ခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း (၂)သိန်း၊ ရွှေဝါငါးကြင်း (၂)သိန်း၊ ငါးခုံးမ (၂)သိန်း၊ စုစုပေါင်း(၆)သိန်း ငါးမျိုးစိတ်ကို  စိုက်ထည့်‌ပေးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)