ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

‌ဒဂုံမြောက် ဇွန်

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်()အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမြင့်‌ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံဖြိုးတိုးတက်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဲ့ဒီနိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့် လူငယ်များ၏ စွမ်းဆောင်ရည်၊ ဦးဆောင်မှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံရေးစတဲ့ အချက်‌တွေအပေါ်မှာ များစွာမှုတည်ပါကြောင်းစသည်ဖြင့် ပြောကြားပြီးနောက် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒေါက်တာမိုးခန့်သက်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူးဦးဝင်းဇော်ဦးက ကျန်းမာရေးအကြောင်း သိကောင်းစရာများ၊ မူးယစ်တပ်ဖွဲ့စု(၄၁)မှ ရဲအုပ်နေလင်းထွန်းက လူငယ်နှင့်မူးယစ်‌ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်သန်းသန်းနွယ်ကလူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်သန်းသန်းနွယ်က ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်သီတာ‌ကျော်ထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူလေးများမှ မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြသခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ